နှုတ်ခွန်းဆက်

အိမ်မက်ကမ္ဘာဘလော့ပို့စ် မှ နွေးထွေးစွာကြိုဆိုပါ၏။စိတ်၏ကျန်းမာခြင်း၊ကိုယ်၏ကျန်းမာခြင်း နှင့် ပြည့်စုံကြပါစေ....

စာမျက်နှာ

နာမည် ဆက်သွယ်ရန် EMAIL
ကိုမောင် loneaungchit123@gmail.com chitthulay2726@gmail.comthiri094255@gmail.com

Thursday, 31 May 2012

အောက်တိုဘာ ၁၇ ရုပ်ရှင် ဂီတ ပဒေသာ ဖျော်ဖြေပွဲမှာ မပါဝင်တဲ့ အကြောင်း ရှင်းလင်း

မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ချုပ် ရန်ပုံငွေ ဖျော်ဖြေရေး အနေနဲ့ ရုပ်ရှင်၊ ဂီတပဒေသာ ဖျော်ဖြေပွဲကြီးနဲ့ King & Queen မော်ဒယ်လ်ရှိုး ပြိုင်ပွဲကို ၂၀၁၀ အောက်တိုဘာ ၁၆၊ ၁၇ရက်မှာ ပြုလုပ်မယ် ဆိုတဲ့အကြောင်း စာနယ်ဇင်းကို ၂၀၁၀ စက်တင်ဘာ ၁၆ရက်က ရန်ကုန်မြို့၊ ကုန်သည်ကြီးများ ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။

ဗီဒီယို


Flash Soung ချစ်သူများအတွက် 1

သံစဉ်နဲ့ချော့သိပ်ခွင့်
(မမ)
ချစ်တယ်မရေ
အချစ်မှတပါးအခြားမရှိပြီ
တနေ့တော့ချစ်လာလိမ့်မည်
အမေ့
မင်းအကြောင်းအိမ်မက်
တန်ဆောင်တိုင်သီချင်း
အလွမ်းနဲ့ရူးပြီ
နှမြောတယ်
သူလေး
ကောင်းကင်ကအချစ်ငှက်
ဆာဒါငဲယိုး
ခိုနားရာ
အိမ်မက်ကမ္ဘာ
အလွမ်းဝင်္ကဘာ
ပထမအနမ်းသီချင်း
စကားလုံးတွေမလိုဘုး
(နိဒါန်း)   
လေလွှင့်သူ
အာဇာနည်
ငါဆက်ချစ်မယ့်သူ

Connection ကျနေတဲ့အချိန် Gtalk Gmail အလျင်မြန်ဆုံးအသုံးပြုလိုသူများအတွက်ပါ။

Connection တွေ မကောင်းတဲ့ ကြားက ကျွန်တော်  သူငယ်ချင်းတွေ ကို သတိရနေမိတာတော့ အမှန်ပါပဲဗျာ။ကဲ ဒီတစ်ခါလည်း မြန်မာနိုင်ငံမှာ Connection တွေ ကျနေတာတော့ လူတိုင်းသိပြိးသားဖြစ်မှာပါ။အဲ့ဒီလို အဆိုးတွေထဲက အကောင်းလေးတွေကို ကျွန်တော်က ရှာပြီး သူငယ်ချင်းတွေ ရဲ့ဖြစ်နေတဲ့ အခက်အခဲ အလုပ်တွေ အဆင်ပြေအောင်လို့ ကျွန်တော်ရဲ့ မအားတဲ့ အချိန်လေးတွေကို ဖျက်ပြီးသူငယ်ချင်းတွေ အတွက် သဘောအကျဆုံးဖြစ်မဲ့ လက်ဆောင်လေးတစ်ချို့ ပေးပါရစေဗျာ။ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရှိတဲ့ လူတော်တော်များများဟာ Gtalk Gmail ကိုအသုံးအများဆုံး ဖြစ်တယ် ဆိုတာ လူတိုင်းသိကြမှာပါ။အဲ့လို အချိန်တွေမှာ ရုံးမှာ အလုပ်လုပ်တဲ့ သူတွေဆို အလုပ်ကလဲ အရေးကြီးနေပြီ။Connection ကလဲ မရဖြစ်နေ တော်တော်ခက်ခဲကြမှာပါ။အဲ့ဒီ အပြင် တစ်ချို့ ကိုယ်ပိုင်အင်တာနက်မရှိပဲ အင်တာနက်ဆိုင်တွေမှာ ပိုက်ဆံပေးသုံးပြီး Connection မရလို့ စိတ်ညစ်နေတဲ့ သူတွေ အတွက် တော့ ကျွန်တော့ လက်ဆောင်လေးက သူငယ်ချင်းတွေ အတွက် တန်ဖိုးရှိကောင်းရှိပါလိမ့်မယ်။ကဲ ထားပါလေ။ကိုရဲရဲ ကတော့ ပေရှည်နေပြီ လို့ ထင်နေကြဦးမယ်။ခုကနေ ပဲ စလိုက်ကြတာပေါ့ဗျာ။အောက်မှာ ကျွန်တော် ဓာတ်ပုံလေးတွေ နဲ့ကော လိပ်စာတွေနဲ့ကော သူငယ်ချင်းတွေ ဖတ်လို့ အဆင်ပြေအောင် ကျွန်တော်တင်ပေးထားပါတယ် အောက်က ပုံလေးတွေရဲ့ Web Site လိပ်စာလေးတွေသာမှတ်ထားလိုက်ကြတော့ဗျာ။

မဟုတ်ရပါဘူး ဒကာမလေးရယ် နဲ့ မှားပါတယ် ဦးပဉ္ဇင်း ရယ်

၂၀၀၇ ခုနှစ် စက်တင်ဘာလ ရွေဝါရောင်တော်လှန်ရေးကြီးအပြီးမှာ ထိုင်းမြန်မာနယ်စပ်ကို လူအတော်များများနဲ့ ဘုန်းကြီး အတော် များများ ရောက်ရှိလာခဲ့ကြတယ်။ တကယ်တော်လှန်ရေးထဲမှာ ပါခဲ့တဲ့သူတွေရော၊ တကယ်ကံဆောင် ဘုန်းကြီးတွေရော၊ တကယ် ကံဆောင်တဲ့ အထဲမှာ မပါဘဲ နယ်စပ်ကနေတဆင့်
နိုင်ငံခြားသွားချင်တဲ့ ဘုန်းကြီးတွေရော အမျိုးစုံရောက်ရှိလာကြတယ်။ အဲဒီ အထဲက ဘုန်းကြီးတွေနဲ့ ပတ်သက်တဲ့ အမှတ်တရ ရှိမိတာလေးတွေ တချို့ကို ပြန်ပြောပြချင်ပါတယ်။

အဲဒီမှာ တကယ်ကံဆောင်ဘုန်းကြီးလား၊ ကံမဆောင်ဘုန်းကြီးလား မသိတဲ့ ကိုယ်တော်တပါးရဲ့ အကြောင်းကိုပါ။ ဒီဘုန်းကြီးက စက်ရုံတခုမှာ အလုပ်လုပ်တဲ့ မြန်မာမလေးတယောက်နဲ့ တယ်လီဖုန်းထဲကနေ ချစ်သူတွေဖြစ်နေကြတယ်။ လူချင်းတော့ မတွေ့ ဖူးကြဘူးပေါ့။

Monday, 28 May 2012

ငါ့ဆန္ဒ

မလှပတဲ့ဘ၀မှာ မင်းကကိန်းဂဏာန်းတွေပေါ့
ငါ့ဘ၀က သုညကသုညပဲ...ဒါပေမဲ့
ကိန်းဂဏာန်းတွေနောက်ရောက်ရင်တော့
သုညဆိုတာ မင်းသားတစ်ပါးပါ
ကိန်းဂဏာန်းတွေကြားက
မင်းဘ၀ကိုဆွဲမထုတ်ချင်ပါဘူး
ဘာမှမရှိတဲ့ငါ့ဘ၀ထဲ
မင်းသုညဖြစ်မှာကိုမလိုလားပါဘူး
ကံကြမ္မာကမျက်နှာပေးအုန်းတော့
မင်းတစ်ခုမှတ်ထားလိုက်
ငါဆိုတဲ့ကောင်က
ကိုယ်ပိုင်အလင်းမရှိရင်
လမင်းဆိုတာတောင်အထင်မကြီးဘူး
ဘာဖြစ်ချင်လဲမမေးနဲ့
အမှန်အတိုင်းပြောရရင်
လကမ္ဘာပေါ်မှာမင်းနဲ့အတူ
အိမ်တစ်လုံးဆောက်လို့
ကမ္ဘာမြေကြီးပေါ်က
ဘာမဟုတ်တဲ့လူတွေကိုကြည့်ပြီး
ဟားတိုက်ရယ်မောပြစ်လိုက်ချင်တာ
ငါ့ဆန္ဒပဲ...ချစ်သူ

အချစ်ရဲ့အရှုံးအမြတ်

အရှုံးအမြတ်နဲ့
တို့အချစ်ကိုအဆုံးသတ်ရမလား
ကောင်မလေးရယ်
ဒါဆိုရင်တော့
ဒို့နှလုံးသားလေး
ရာဇ၀င်ရိုင်းသွားမှာပေါ့
မင်းကို ချစ်တာ
အမြတ်ရချင်လို့ချစ်တာမဟုတ်ဘူး
မေတ္တာတရားကို
အရင်းပြုလို့
သစ္စာစကားတွေနဲ့
ချစ်ခဲ့တာလေ
အရှုံးအမြတ်နဲ့မဆုံးဖြတ်လိုက်ပါနဲ့
နှလုံးသားကမေတ္တာတရားကို
အလေးထားပြီး
ချစ်နေခွင့်ပေးပါနော်
မင်းချစ်သူ